မန္တလေးမြို့မှာ ယနေ့နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က လှုပ်ခတ်ကြာချိန်အနည်းငယ်ရှည်သောငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ နေအိမ်မှ ဆင်းပြေးကြရကြောင်း ဒေသခံများထံကသိရသည်။“စက္ကန့်သုံးဆယ်လောက်ကြာတယ်၊ အိပ်နေချိန်ကြီးမှာ ပုခက်လွှဲသလိုလှုပ်တာ၊ ၂၈ ရက်ကကလှုပ်တဲ့ငလျင်လိုမျိုး” ဟု အမရပူမြို့နယ်ထဲနေထိုင်သူဒေသခံတစ်ဦးကပြောသည်။အရှေ့အနောက် ပုခက်လွှဲသကဲ့သို့လှုပ်ခတ်ခဲ့သည့်ငလျင်တစ်ခုဖြစ်ကြောင်း ဒေသတွင်းသတင်းများကဆိုထားပြီး၊ အဆိုပါငလျင်လှုပ်ခတ်မှုကို တစ်မြို့လုံးနေရာအနှံ့အပြားတွင် သိရှိခံစားခဲ့ရကြောင်းလည်း ဒေသခံများ၏လူမှုကွန်ရက်ပေါ်ဖြန့်ဝေရေးသားချက်များအရသိရသည်။
May 07 • 9:49 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


