back

လုံးချင်းအိမ်အငှားဈေးကွက် ငလျင်အပြီးကတည်းက တောက်လျှောက်စျေးတက်

May 07 • 9:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လုံးချင်းအိမ်အငှားဈေးကွက် ငလျင်အပြီးကတည်းက တောက်လျှောက်စျေးတက်

ငလျင်အပြီးကတည်းက ရန်ကုန်အိမ်ခြံမြေစျေးကွက်တွင် လုံးချင်းအိမ်များအမေးများကာ စျေးကွက်ထဲ လုံးချင်းအိမ်အငှားဝင်လာပါက အချိန်သိပ်မကြာဘဲ ငှားနေရကြောင်း အိမ်ခြံမြေ အက...

ငလျင်အပြီးကတည်းက ရန်ကုန်အိမ်ခြံမြေစျေးကွက်တွင် လုံးချင်းအိမ်များအမေးများကာ စျေးကွက်ထဲ လုံးချင်းအိမ်အငှားဝင်လာပါက အချိန်သိပ်မကြာဘဲ ငှားနေရကြောင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း လုပ် ကိုင်သူများထံမှသိရသည်။ပြီးခဲ့သည့်မတ်လက စစ်ကိုင်းနှင့် မန္တလေးတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့်ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများနှင့် ကွန်ဒိုများတွင် နေထိုင်သူများသည် ငလျင်စိုးရိမ်စိတ်ဖြင့် မိမိတို့ လက်ရှိနေထိုင်ရာ အ ထပ်အမြင့်တိုက်ခန်းများနှင့် ကွန်ဒိုများကို ပြန်ငှားပြီး ရပ်ကွက်ထဲတွင် လုံးချင်းအိမ်းများအား ပြန်လည်ငှားရမ်းနေ ထိုင်ခြင်းများ အများဆုံးရှိနေသည့်အတွက် လတ်တလော အိမ်ငှားစျေးကွက်မှာ ပိုမိုအလုပ်ဖြစ်နေ ကြောင်း သိရ သည်။“ကျွန်တော်တို့ အသိမိတ်ဆွေဆိုရင် ငလျင်လည်းဖြစ်ပြီးရော အခုသူနေတဲ့တိုက်ခန်းကို ပြန်ငှားထားတယ် ။ တစ် လ ကို ၂ သိန်းခွဲနဲ့ ၄ လွှာ ၊ သူကတော့ အခြားမှာ လုံးချင်းအိမ် ပြန်ငှားပြီး နေနေတယ်။ အဓိကကတော့ ငလျင် စိုးရိမ်စိတ်တွေကြောင့် လုပ်လာကြတာ ။ ကြောက်ကြတာပေါ့ ။ အထပ်မြင့်တိုက်ဆိုတော့လည်း စိတ်မချရ ဘူးလေ ။ ကိုယ်တွေတောင် ၃ လွှာမှာနေတာ ။ ညည အိပ်မပျော်ဘူး ။ အတွေးတွေက ဟိုတွေး ဒီတွေးတွေ နဲ့ စိုးရိမ် စိတ် ဖြစ်နေရတယ်”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည် ။ထို့ပြင် ရန်ကုန်မြို့ အချက်အချာကျသည့် မြို့နယ်များနှင့် လူစည်ကားရာမြို့နယ်များဖြစ်သည့် စမ်းချောင်း ၊ ကြည့်မြင်တိုင် ၊ အလုံမြို့နယ်များ၏ အိမ်ငှားရမ်းစျေးနှုန်းများသည်တစ်လကို အိမ်လခကျပ်၅သိန်းအထက်တွင် ရှိ နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သူများထံမှ သိရသည်။ “အငှားကတော့တော်တော်လေး အလုပ်ဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း တိုက်ခန်းအမြင့်မှာ ငှားနေ တဲ့သူတွေ ဆိုရင် တိုက်ခန်းပြန်အပ်ပြီး လုံချင်းအိမ် တွေ ပြန်ငှားပြီ နေကြတယ် ။ အဲဒီလိုဆိုတော့ အငှားတွေက အ လုပ်ဖြစ် လာ‌ကြတာပေါ့ ။ အဓိကကတော့ အထပ်အမြင့်တွေမှာ မနေရဲကြတော့တာ ၊ တစ်ချို့တွေဆို ကိုယ့် ဆီမှာ ရှိနေတဲ့ ကွန်ဒိုတွေ ၊ တိုက်ခန်းတွေကို ပြန်ရောင်းချလာကြတာတွေလည်းရှိနေကြတယ်”ဟု အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည် ။

news-view-count-icon

26