back

မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာစဉ်ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းအပေါ်သတင်းထုတ်ပြန်ချက်

May 07 • 6:28 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာစဉ်ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းအပေါ်သတင်းထုတ်ပြန်ချက်

၆.၅.၂၀၂၅ ရက်နေ့ ၁၈နာရီ၃၅ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပြီး အဆ...

၆.၅.၂၀၂၅ ရက်နေ့ ၁၈နာရီ၃၅ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပြီး အဆိုပါ လေယာဉ်သည် ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ပါတယ်။ ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပှုပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့၍ ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ပါတယ်။ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ်တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။ ယခု မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။



news-view-count-icon

54