သျှမ်းပြည် ရှမ်းပြည်သိန္နီမြို့တွင် ဆိုင်ကယ်စီးပြီး ဦးထုပ်မဆောင်ဘဲ မောင်းနှင်စီးနင်းသူများ၊ ပါဝါအိတ်ဇော တပ်ဆင် မောင်းနှင်သူများနှင့် အသက် ၁၅ နှစ်အောက် ကလေးများကို ဆိုင်ကယ်မောင်းနှင်ခွင့်ပေးသည့် မိဘများအား အရေးယူတော့မည်ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မေလ ၅ ရက်တွင် စတင်ကျင့်သုံးခဲ့ပြီး ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်ခြင်းများကို ဖမ်းဆီးရမိပါက ဒဏ်ငွေအဖြစ် တရုတ်ငွေ ၃၀၀ ယွမ်မှ ၆၀၀ ယွမ်အထိ ပေးဆောင်ရမည်ဖြစ်ကာလက်ရှိသိန္နီမြို့တွင် တရုတ်ငွေ ၁၀၀ ယွမ်လျှင် မြန်မာငွေ ၆၀,၀၀၀ ကျပ် (ခြောက်သောင်းကျပ်) အထိ ကာလပေါက်ဈေး ရှိသည်။ ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်ပါက ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ပါဝါအိတ်ဇော မတပ်ဆင်ရန်နှင့် အသက် ၁၅ နှစ်အောက် ကလေးများအား ဆိုင်ကယ်မောင်းနှင်ခွင့်ပေးခြင်း မပြုကြရန် ၎င်းကတိုက်တွန်းသည်။ 
May 07 • 6:26 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |

ကျိုင်းတုံက ခိုးယူခံရသည့် ဆိုင်ကယ် ၃စီး ထပ်မံ သိမ်းဆည်းမိကာ ဆိုင်ကယ်ခိုးသူများထဲတွင် လွတ်ငြိမ်းတွင်ပါလာသည့် သူခိုးကြီးများလည်းပါဝင်
မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာစဉ်ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းအပေါ်သတင်းထုတ်ပြန်ချက်

