ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုးများ ခိုးယူထားသည့် ဆိုင်ကယ် ၃စီးကို ထပ်မံဖော်ထုတ်သိမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင်ရဲရုံးမှ သိရသလိုထပ်မံသိမ်းဆည်းရမိသည့် ဆိုင်ကယ် ၃စီးမှာ Honda wave i 110 အနီရောင် 2023 Model တစ်စီး၊ Honda wave i 110 အပြာရောင် 2025 Model တစ်စီး၊ Honda wave i 110 နက် /စိမ်းရောင် 2025 Model တစ်စီး ဖြစ်ပြီး ဆိုင်ကယ်ပျောက်သူများအနေဖြင့် ခရိုင်ရဲရုံးတွင် လာရောက်စုံစမ်းနိုင်ရာမေလ ၅ရက်က ဖမ်းဆီးရမိထားသူ ၆ဦးကို စစ်ဆေးချက်အရ ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ပြီး မေလ ၇ရက်အထိ ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် ၁၀ စီးရှိပြီဖြစ်ကြောင်း၊ ဆိုင်ကယ်ခိုးယူသူများထဲတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် ဝါရင့်သူခိုးများလည်း ပါဝင်ကြောင်း ခရိုင်ရဲရုံးနှင့်နီးစပ်သူတစ်ဦးက သိရပါတယ်။ကျိုင်းတုံမြို့တွင် ညအချိန် အိမ်အတွင်းဖောက် ထွင်းဝင်ရောက်ပြီး ဆိုင်ကယ်၃စီး ခိုးယူခံရမှု၊ နေ့ခင်းကြောင်တောင်အစောင့်ရှိသည့်ကြားက ဆေးရုံအပ်ထားသည့်နေရာမှ ဆိုင်ကယ်ခိုးယူခံရမှုများအပြင် ကျောင်းကြိုမိဘများ၊ မြို့ရှောင်လမ်းသွားသူများထံမှ အကြမ်းဖက်ကာ ဆိုင်ကယ်လုယူမှုများ ဖြစ်ပွားလျက်ရှိပါတယ်။
ကျိုင်းတုံက ခိုးယူခံရသည့် ဆိုင်ကယ် ၃စီး ထပ်မံ သိမ်းဆည်းမိကာ ဆိုင်ကယ်ခိုးသူများထဲတွင် လွတ်ငြိမ်းတွင်ပါလာသည့် သူခိုးကြီးများလည်းပါဝင်
May 07 • 6:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 50 | 0 | 0 | 0 |


