ပုပ်ရဟန်းမင်းအသစ်အဖြစ် ဆက်ခံမည့်သူအား ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသည့် ထုံးတမ်းစဉ်လာအတိုင်း ရွေးချယ်မည့် သီးသန့်ဆွေးနွေးသည့်အစီအစဉ်ကို ဗာတီကန်မြို့၌ (မေ ၇ရက်)တွင် စတင်မည်ဖြစ်သည်။ဒေသစံတော်ချိန် နံနက်၁၀:၀၀ နာရီတွင် ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သည့် ကာဒီနယ်များသည် စိန့်ပီတာဘုရားရှိခိုးကျောင်း၌ လူအများရှေ့မှောက်တွင် အတွေ့ခံမည့် အခမ်းအနားသို့ တက်ရောက်ပြီးနောက် ပထမအကြိမ် မဲပေးခြင်းအတွက် Sistine Chapel ဘုရားရှိခိုးဆောင်သို့ ဝင်ရောက်မည်ဖြစ်သည်။လက်ရှိအသက်ရှင်လျက်ရှိသော ကာဒီနယ် ၂၅၀ ဦးအနက် ၁၃၃ ဦးမှာ ပုပ်ရဟန်းမင်းကြီး နေရာဆက်ခံရန် မဲပေးပိုင်ခွင့်ရှိသူများဖြစ်ပြီး အားလုံးသည် အသက် ၈၀ အောက်ဖြစ်သည်။ ယခုနှစ်၏ စုဝေးပွဲသည် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ ကိုယ်စားပြုသောကြောင့် ယနေ့အထိ ဒေသပေါင်းစုံမှ အသက် ၅၀ ဝန်းကျင်အထိ ငယ်ရွယ်သူများလည်း ပါဝင်မည်ဖြစ်သည်။
| 26 | 0 | 0 | 0 |


