ထိုင်း-မြန်မာ နယ်စပ်၊ ကန်ချနဘူရီဒေသတွင် မေလ၆ရက်နေ့က ထိုင်းလေပိုင်နက်အတွင်း သံသယဖြစ်ဖွယ် ပျံသန်းခဲ့သော အရာသည် မြန်မာဘက်မှလေယာဉ်မဟုတ်ဘဲ ထိုင်းစစ်တပ်ပိုင် ဒရုန်းတစ်စီးဖြစ်ကြောင်း သိရသည်။စိစစ်တွေ့ရှိချက်များအရ သံသယဖြစ်ဖွယ် ပျံသန်းခဲ့သော အရာသည် မြန်မာ ဘက်မှ လေယာဉ်မဟုတ်ဘဲ ထိုင်းစစ်တပ် (မြေစာရင်းဌာန) ပိုင် ( VTOL SUD 60 ) အမျိုးအစား မောင်းသူမဲ့ ဒရုန်းတစ်စီဖြစ်ပြီး၊ မြေပုံအညွှန်းဆောင်ရွက်ရန် ဝေဟင်မှ မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး စစ်တမ်းပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။



