မေလ (၆) ရက်နေ့ ၊ညနေပိုင်းက သမ္မတ ရုပ်ရှင်ရုံမှာ" အောင်သီရိ " ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားတဲ့ " ဆရာ့ဆရာကြီး " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါ အခမ်းအနားကို ပါဝင်သရုပ်ဆောင်ထား သော အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ ကျော်ရဲအောင် ၊ထပ်ဆင့် အကယ်ဒမီ ရဲအောင် ၊ ခင်လှိုင် ၊ တိုင်ရွန် ၊ ထူးအောင် ၊ ထပ်ဆင့် အကယ်ဒမီ စိုးမြတ်သူဇာ ၊အကယ်ဒမီ ခြူးလေး ၊နော်ဖောအယ်ထား နှင့် အခြားသော အနုပညာမောင်နှမများမှ ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ်။


