အမေရိကန်နှင့် ယီမင်နိုင်ငံမှ ဟူသီတို့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီလိုက်သည်ဟု ကြားဝင်ညှိနှိုင်းပေးသည့် အိုမန်အစိုးရ၏ ကြေညာချက်ကို သိရသည်။ယခု သဘောတူညီချက်အရ အီရန်၏ ကျောထောက်နောက်ခံပြုထားသော ဟူသီသူပုန်များက ပင်လယ်နီတွင် သင်္ဘောများအား တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး လွတ်လပ်စွာ သွားလာခွင့် ကို အာမခံမည်ဟု ဆိုသည်။အမေရိကန်အစိုးရကလည်း ယီမင်နိုင်ငံအတွင်းရှိ ဟူသီများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြေညာထားသည်။ သို့သော် မကြာသေးမီက အစ္စရေးကို သူပုန်များ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သမ္မတထရမ့်က ပြောကြားထားခြင်းမရှိသေးပေ။
May 07 • 5:28 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


