back

ချင်းပြည်မြောက်ပိုင်းဖလမ်းနဲ့ တီးတိန်မှာ အိမ်သုံးဆားပြတ်၍၁၀ နှစ်အောက် ကလေးငယ်တွေ အဖုအပိန့်ထကာ အရေပြားရောဂါ ဖြစ်ပွားနေ

May 07 • 5:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ချင်းပြည်မြောက်ပိုင်းဖလမ်းနဲ့ တီးတိန်မှာ အိမ်သုံးဆားပြတ်၍၁၀ နှစ်အောက် ကလေးငယ်တွေ အဖုအပိန့်ထကာ အရေပြားရောဂါ ဖြစ်ပွားနေ

ချင်းပြည်မြောက်ပိုင်း ဖလမ်းနဲ့တီးတိန်မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခု မေလ ပထမပတ်အထိ အိမ်သုံးဆားပြတ်လပ်တာကြောင့် အိန္ဒိယနိုင်ငံကဝယ်ယူ သုံးစွဲနေကြရတယ...

ချင်းပြည်မြောက်ပိုင်း ဖလမ်းနဲ့တီးတိန်မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခု မေလ ပထမပတ်အထိ အိမ်သုံးဆားပြတ်လပ်တာကြောင့် အိန္ဒိယနိုင်ငံကဝယ်ယူ သုံးစွဲနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေမှသိရပြီး အခုလို အိမ်သုံးဆားပြတ်လပ်တာဟာ ချင်းပြည်နယ်အတွင်းအဓိကကုန်စည်စီးဆင်းရာလမ်းမကြီးဖြစ်တဲ့ ကလေး-တီးတိန်-ဖလမ်း ကားလမ်းမကြီးကို စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့နှစ်မေလအတွင်းကစပြီးပိတ်ဆို့ထားတာကြောင့် ဖြစ်ပြီး အဆိုပါလမ်းပိုင်းဟာ လက်ရှိအချိန်ထိ သွားလာလို့ မရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။အဆိုပါ ကလေး-တီးတိန်-ဖလမ်း ကားလမ်းမကြီး အသုံးပြုလို့ မရတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေဟာ အိန္ဒိယနိုင်ငံကကုန်စည်ကိုအဓိကအားထားနေရပြီးတော့ သယ်ယူစရိတ်တွေကြီးမြင့်တာကြောင့် ကုန်ဈေးနှုန်းကြီး မြင့်နေကာဒီလို အိမ်သုံးဆားပြတ်လပ်တာကြောင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ပြီး ၁၀ နှစ်အောက် ကလေးငယ်တွေမှာ ခန္ဓာကိုယ် အဖုအပိန့်ထကာ အရေပြားရောဂါဖြစ်ပွားနေကြပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်တွေကို ငွေကြေးတတ်နိုင်တဲ့ မိဘတွေက အိန္ဒိယနိုင်ငံနဲ့ ကလေးမြို့ ဆေးရုံတွေကို သွားရောက်ကုသနေကြရပြီး ငွေကြေးမတတ်နိုင်သူတွေကတော့ သွားရောက်မကုသနိုင်ဘဲ တိုင်းရင်းဆေးမှီး တိုနဲ့သာ ကုသမှုနေကြရပါတယ်။



news-view-count-icon

30