ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် က ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလျှော့ချလိုက်တာကြောင့် ဒုက္ခသည် တစ်သိန်းကျော်ငတ်မွတ်ခေါင်းပါးမှု ဘေး ကြုံနေရကြောင်း၊ အမေရိကန်အပါအဝင် အခြားအလှူရှင်နိုင်ငံတွေ အနေနဲ့ အစုအပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကမ္ဘာတစ်ဝှမ်းက ကရင်လူမှုအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ နယ်စပ် ဒုက္ခသည်စခန်းတွေက ကရင် နဲ့ ကရင်နီ (ကယား) လူမျိုး အများစုဖြစ်တဲ့ ဒုက္ခသည် ၁၀,၈၀၀၀ ဟာ လက်ရှိမှာ စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရကာအသက် ငါးနှစ်အောက် ကလေးတွေအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိတယ်လို့ ဖော်ပြပါတယ်။ အခုလို မလျှော့ချခင်ကထဲက ဒုက္ခသည်တွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်တဲ့ အနိမ့်ဆုံး စားနပ်ရိက္ခာထက် လျော့နည်းရရှိနေတာဖြစ်ပါတယ်။
May 07 • 5:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


