back

ပြည်ပမှ ဆန်တင်သွင်းမှု များပြားခဲ့သည့် အင်ဒိုနီးရှားတွင် ယခုအခါ ဆန်လက်ကျန်သည် ပြည်ပမှ တင်သွင်းခြင်း မရှိဘဲ ၅၇ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

May 07 • 5:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြည်ပမှ ဆန်တင်သွင်းမှု များပြားခဲ့သည့် အင်ဒိုနီးရှားတွင် ယခုအခါ ဆန်လက်ကျန်သည် ပြည်ပမှ တင်သွင်းခြင်း မရှိဘဲ ၅၇ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ယမန်နှစ်က ပြည်ပမှ ဆန်တင်သွင်းမှု များပြားခဲ့သည့် အင်ဒိုနီးရှားတွင် ယခုအခါ ဆန်လက်ကျန်သည် ပြည်ပမှ တင်သွင်းခြင်း မရှိဘဲ ၅၇ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်...

ယမန်နှစ်က ပြည်ပမှ ဆန်တင်သွင်းမှု များပြားခဲ့သည့် အင်ဒိုနီးရှားတွင် ယခုအခါ ဆန်လက်ကျန်သည် ပြည်ပမှ တင်သွင်းခြင်း မရှိဘဲ ၅၇ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။၂၀၂၅ ခုနှစ် မေလတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် အရန်ဆန် သိုလှောင်မှုမှာ ၃,၅၁၇,၂၉၄ တန်သို့ ရောက်ရှိခဲ့ပြီး ၁၉၆၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်အဖြစ် စံချိန်တင်ကြောင်း၊ ပြည်တွင်း တောင်သူလယ်သမားများထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသလိုယမန်နှစ် မေလတွင် အရန်ဆန် သိုလှောင်မှု ၁,၄၆၇,၆၂၆ တန် ရှိခဲ့သည်။နောက် ၁၅ ရက်မှ ၂၀ ရက်အတွင်း အရန်ဆန် သိုလှောင်မှု တန်ချိန် လေးသန်းအထိ မြင့်တက်လာနိုင်သည်ဟု ဝန်ကြီးက ပြောကြားသည်။

news-view-count-icon

24