၇.၅.၂၀၂၅ ရက်ယနေ့၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နီပါးတန်းရပ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သော ရွှေဆည်ဦးဓမ္မာရုံအဆောက်အဦးအား တံတားဦးမြို့နယ်မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။



