back

ထရန့်အစိုးရ၏ ကုန်သွယ်ခွန်တင်းကျပ်မှုကြောင့်ထိုင်းနိုင်ငံဘတ် ၈၀၀ ဘီလီယံထိဆုံးရှုံးနိုင်

May 07 • 3:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရန့်အစိုးရ၏ ကုန်သွယ်ခွန်တင်းကျပ်မှုကြောင့်ထိုင်းနိုင်ငံဘတ် ၈၀၀ ဘီလီယံထိဆုံးရှုံးနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အပြန်အလှန်ကုန်သွယ်ခွန် တိုးမြှင့်သည့် အစီအစဉ်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းစီးပွားရေးတွင် ဘတ် ၈၀၀ ဘီလီယံ (ဒေါ်လာ ၂၄ ဘီလီယမ်)...

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အပြန်အလှန်ကုန်သွယ်ခွန် တိုးမြှင့်သည့် အစီအစဉ်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းစီးပွားရေးတွင် ဘတ် ၈၀၀ ဘီလီယံ (ဒေါ်လာ ၂၄ ဘီလီယမ်) ဆုံးရှုံးနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) အကြီးအကဲ ဥက္ကဋ္ဌ ကရီရင် ကရိုင်ထိနူကူး၏ ပြောကြားချက်အရသိရသည်။ထိုင်းနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍများဖြစ်သော မော်တော်ယာဉ်လုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းစသည်တို့တွင် ထိခိုက်မှုများ ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုထားသည်။အဆိုပါ ဆုံးရှုံးနိုင်သည့် ပမာဏသည် နိုင်ငံ၏ ၂၀၂၄ ခုနှစ် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (ဂျီဒီပီ) တန်ဖိုး ဘတ်ငွေ ၁၉.၈ ထရီလီယံခန့်၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ထိခိုက်စေမည်ဖြစ်သည်။


news-view-count-icon

17