ရန်ကုန်တိုင်း ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံရှိ 230/33/11kV 100 MVA Bank (1 &2) အား ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက် လှိုင်သာယာမြို့နယ်အချို့ မီးပျက်မယ်လို့ သိရပါတယ်။မေလ၇ရက် ဗုဒ္ဓဟူးနေ့ မနက် (၁၀:၀၀ ) မှ နေ့လည် (၃:၀၀) နာရီ အထိ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူး ရယူသုံးစွဲနေသော အောက်ပါ နေရာများ ဓာတ်အားပြတ်တောက်နေမှာ ဖြစ်ကာမီးပြတ်တောက်မယ့်နေရာတွေကတော့ ပန်းလှိုင် ၊ ညောင်တုန်း၊ ရွှေလင်ပန်း၊ တွံတေး၊ နဝဒေး၊ ဇုန် (၅)၊ ကျန်စစ်မင်း -၁၊ ကျန်စစ်မင်း-၂ နေရာတွေဖြစ်ပါတယ်။



