အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံကြား ဆက်ဆံရေးသည် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အပြန်အလှန် လက်တုံ့ပြန်မှုများလည်း ဖြစ်ပေါ်နေသည်။ ယခုအခါ အိန္ဒိယနိုင်ငံက ၎င်းတို့တွင် မြစ်ဖျားခံကာ ပါကစ္စတန်နိုင်ငံသို့ စီးဆင်းသော မြစ်များမှ ရေများကို ပါကစ္စတန်သို့ မရောက်ရှိအောင် တားဆီးမည်ဟု တရားဝင် ကြေညာလိုက်သည်။ အိန္ဒိယမြစ်များမှ မြစ်ရေ တစ်စက်မျှ ပါကစ္စတန်သို့ ရောက်ရှိမည်မဟုတ်ဟု အိန္ဒိယအစိုးရက ပြတ်သားစွာ ပြောကြားခဲ့သည်။ အဓိကကျသော မြစ်တစ်စင်းဖြစ်သည့် ချီနပ်မြစ်မှ ရေများသည် ပါကစ္စတန်သို့ မရောက်ရှိစေရန်အတွက် ထိုမြစ်ပေါ်တွင် တည်ဆောက်ထားသော ဘာဂလီဟာ ရေကာတာကို ရေမလွှတ်တော့ဘဲ ပိတ်ထားလိုက်ပြီဖြစ်သည်။



