back

ကယ်လီဖိုးနီးယား ပြည်နယ်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် တံခါးဖွင့်ထားဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ပြော

May 06 • 3:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကယ်လီဖိုးနီးယား ပြည်နယ်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် တံခါးဖွင့်ထားဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ပြော

အမေရိကန်နိုင်ငံ အစိုးရ၏ လက်ရှိ စည်းကြပ်ခွန်မူဝါဒမှာ နိုင်ငံ၏ စီးပွားရေးအင်အားအကြီးဆုံး ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် (Golden State) အား ခြိမ်းခြောက်နေခ...

အမေရိကန်နိုင်ငံ အစိုးရ၏ လက်ရှိ စည်းကြပ်ခွန်မူဝါဒမှာ နိုင်ငံ၏ စီးပွားရေးအင်အားအကြီးဆုံး ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် (Golden State) အား ခြိမ်းခြောက်နေချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို တံခါးဖွင့်ထားဆဲဖြစ်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ်က ပြောကြားခဲ့သည်။ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် အထူးသဖြင့် အာရှဒေသမှ အခြားသော ကုန်သွယ်ဖက်များကို တံခါးဖွင့်၍ ကြိုဆိုလျက်ရှိကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ကမ္ဘာ့ကုန်သွယ်ရေးမှာ တစ်ဦးကအသာရလျှင် အခြားတစ်ဦးက ဆုံးရှုံးနစ်နာရသည့် ကစားပွဲမျိုးမဟုတ်ဘဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အခြေအနေသာဖြစ်ကြောင်း နယူဆမ်က ဆိုသည်။


news-view-count-icon

7