ဗီယက်နမ်ကိုလည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေဟာ ကိုဗစ် မတိုင်ခင် ကာလနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် မတ်လမှာ ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ထိုင်းကတော့ ရုန်းကန်နေရပါတယ်။ အဲဒီအတွက် ထိုင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေက ထိုင်းဟာ အရှေ့တောင်အာရှရဲ့ ခရီးသွား အများဆုံး လည်ပတ်တဲ့ နိုင်ငံ နေရာကို နှစ်အနည်းငယ်အတွင်း ဗီယက်နမ်ကို လွှဲပြောင်းပေးရမှာကို စိုးရိမ်နေကြပါတယ်။ ချွန်ဘူရီ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းရဲ့ ဥက္ကဌ Thanet Supornsahasrungsi က ၂ နှစ် ၃ နှစ်အတွင်းမှာ ဗီယက်နမ်ကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားဟာ ထိုင်းထက် ပိုများသွားနိုင်တယ်လို့ ပြောပါတယ်။



