back

ကုန်သွယ်ခွန်ကြောင့် Apple ကုမ္ပဏီ ဒေါ်လာသန်း ၉၀၀ ထိခိုက်နိုင်

May 06 • 1:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကုန်သွယ်ခွန်ကြောင့် Apple ကုမ္ပဏီ ဒေါ်လာသန်း ၉၀၀ ထိခိုက်နိုင်

ပထမသုံးလပတ်ဝင်ငွေစာရင်းအရ အမြတ်အစွန်းပမာဏဟာ မှန်းထားတာထက်ပိုများခဲ့ပေမယ့် အမေရိကန် ကုန်သွယ်ခွန်ကြောင့် ကုမ္ပဏီအတွက် ဒေါ်လာ သန်း ၉၀၀ အထိ ထိခိုက်မှုရှိနိုင်တယ်လို...

ပထမသုံးလပတ်ဝင်ငွေစာရင်းအရ အမြတ်အစွန်းပမာဏဟာ မှန်းထားတာထက်ပိုများခဲ့ပေမယ့် အမေရိကန် ကုန်သွယ်ခွန်ကြောင့် ကုမ္ပဏီအတွက် ဒေါ်လာ သန်း ၉၀၀ အထိ ထိခိုက်မှုရှိနိုင်တယ်လို့ Apple ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။အမေရိကမှာ ရောင်းချမယ့် iPhone အများစုကို အိန္ဒိယမှာ ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပြီး အခုလောလောဆယ် မှာတော့ Apple ထုတ်ကုန်တွေဟာ

ထရမ့်ရဲ့ ပြင်းထန်တဲ့ အပြန်အလှန်ကုန်သွယ်ခွန်ကောက်ခံမှုကနေ ကင်းလွတ် ခွင့်ရထားတယ်လို့ ကုမ္ပဏီအမှုဆောင် တင်မ်ကွတ်ခ်က ပြောပါတယ်။ကွန်သွယ်ခွန်ရဲ့သက်ရောက်မှုကို တိတိကျကျ မခန့်မှန်းနိုင်သေးပေမယ့် နောက်သုံးလပတ်အတွင်း ကုန်သွယ်ခွန်အသစ် ထပ်မံတိုးမြှင့်ကောက်ခံတာမျိုးမရှိဘဲ လက်ရှိ ကမ္ဘာ့ကုန်သွယ်ခွန်နှုန်းထားနဲ့ ပေါ်လစီအတိုင်းသာဆိုရင် မိမိတို့ရဲ့ကုန်ကျစရိတ်ကို ဒေါ်လာ သန်း၉၀၀ ထပ်ပေါင်းရမှာ ဖြစ်တယ်လို့လည်း တင်မ်ကွတ်ခ်က ပြောပါတယ်။


news-view-count-icon

11