Japan Airlines Co. JAL သည် မတ်လတွင် ပြီးဆုံးသည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ယန်း ၁.၈၄ ထရီလျံ ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ၁၁.၆% တိုးသည်။အသားတင်အမြတ်သည် ယန်း ၁၀၇.၀၄ ဘီလီယံရရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက် ၁၂.၀% တိုးသည်။ ပြည်တွင်းခရီးသည် အရေအတွက် ၂.၉% တိုးပြီး ၃၆.၁၃ သန်း ရှိသည်။နိုင်ငံတကာ ခရီးသွားများ ၁၄.၄% တိုးပြီး ၇.၅၈ သန်း ရှိသည်။ဆောင်းဦးရာသီနှင့် ဆောင်းရာသီများတွင် ခရီးသည် ပိုရသည်။ပူပြင်းသော ဂျပန်နွေရာသီတွင် ခရီးသွားခြင်းကို ရှောင်ကြဉ်ကြသဖြင့် ခရီးသည် အရနည်းသည်။ဧပြီလတွင် စတင်သော လက်ရှိဘဏ္ဍာနှစ်အတွက် အသားတင်အမြတ်ငွေ ၇.၄% မြင့်တက်လာရန် မျှော်မှန်းထားပြီး ယန်း ၁၁၅ ဘီလီယံ ရရှိရန် ရည်မှန်းထားသည်။အရောင်းဝင်ငွေ ၇.၂% တိုးပြီး ယန်း ၁.၉၈ ထရီလီယံ ရရှိရန် ရည်မှန်းထားသည်။
May 06 • 1:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 6 | 0 | 0 | 0 |


