ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြိုနယ်တို့မှာ ခူမီးစာပေနှစ် (၁၀၀) ပြည့် အခမ်းအနားကို မနေ့ ဧပြီလ ၂၅ ရက်နေ့၊ မနက်ပိုင်းက ခူမီး(ချင်း)လူမျိုးတွေက ကျင်းပကြတယ်လို့ ပွဲတက်ရောက်သူတွေက ပြောပါတယ်။မနေ့ ဧပြီလ ၂၅ ရက်နေ့၊ မနက်ပိုင်းက ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်မှာ ခူမီးစာပေ နှစ် (၁၀၀) ပြည့် အခမ်းအနားကို ခူမီးစာပေယဥ်ကျေးမှုကော်မတီဝင်တချို့နဲ့ ပလက်ဝမြို့ခံ ခူမီး(ချင်း)တချို့က ကျင်းပကြတယ်လို့ သိရပါတယ်။အခမ်းအနားကို ရန်ကုန်မှာနေထိုင်တဲ့ ခူမီး(ချင်း)လူမျိုး ၄၀၀ ကျော် တက်ရောက်ပြီး ခူမီးစာပေသမိုင်း စာတမ်းဖတ်ကြားခြင်း၊ ခူမီးရိုးရာတေးအကတို့ဖြင့် ဖျော်ဖြေခြင်း၊ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။



