ငလျင်ဘေးသင့်ဒေသများတွင် အဆိပ်ရှိမြွေများတွေ့လာရ၍ လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံများ အကြား အချင်းချင်း သတိပေးမှုများပြုလုပ်နေရကြောင်း သိရသည် ။အဆိုပါမြွေအမျိုးအစားများမှာ မြွေပွေး ၊ တောကြီးမြွေဟောက် ၊ ဗမာငန်းတော်ကြားနှင့် အဆိပ်မှုတ် မြွေဟောက်များဖြစ်ကြပြီး အဆိပ်ပြင်းမြွေများဖြစ်ကြောင်း သိရသည်။ငလျင်ကြောင့် သဘာ၀ပတ်ဝန်းကျင်ပြောင်းလဲမှုများနှင့် အဆောက်အအဦးပြိုလဲ ပျက်စီးခြင်းများကြောင့် ငလျင် ဘေးသင့်သည့်ဒေသများတွင် မြွေကိုက်ခံရမှု ၊ မြွေအန္တရာယ်ကြုံတွေ့ရမှုများ ပိုမို မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က သတိပေးထုတ်ပြန်ထားသည် ။



