အပူချိန်မြင့်မားနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်ရေး အဆင်မပြေမှုကြောင့် Heat Stroke ဖြစ်ပြီး လူသေဆုံးမှုများရှိလာသည်။ဧပြီလလယ်မှစ၍ နေ့အပူချိန်မြင့်တက်လာခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများက ပြောသည်။Heat Stroke (အပူရှပ်ခြင်း)ကို ကာကွယ်ရန် အပူချိန်မြင့်တက်သည့်ဒေသများမှ ဒေသခံများသည် အရိပ်ကောင်းသည့်နေရာများတွင် နေထိုင်ရန်လိုအပ်ပြီး နေ့ခင်းပိုင်းများတွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားရန်လိုအပ်သည်။ အပူနှင့်ဆက်စပ်သည့် ရောဂါလက္ခဏာများဖြစ်သည့် အပူချိန်မြင့်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျိုအန်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းတို့ ဖြစ်ပွားပါက ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်လိုအပ်သည်။



