အင်းလေးဒေသတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ကျေးရွာများ၌ မိုးရာသီမရောက်ခင် နေအိမ်တဲများ ဆောက်လုပ်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ လိုအပ်လျှက်ရှိကြောင်း ဧပြီလ(၂၆) ရက်ကသိရသည်။အင်းလေးဒေသတွင် နေအိမ်ပျက်စီးဆုံးရှုံးမှုအပြင် ထိခိုက်သေဆုံးမှုလည်းများပြီး နေအိမ်ထိခိုက်ပျက်စီးသွားသည့် နေရာများတွင် ကလေး၊လူကြီးမှအစ စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ လိုအပ်နေကြောင်း သိရသည်။



