back

တောင်ကြီးတွင် ဘိလပ်မြေအတုရောင်းသူကို ဖမ်းဆီး၊ ငွေဖြင့်အာမခံရရန်ကြိုးပမ်းနေ

Apr 26 • 2:06 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် ဘိလပ်မြေအတုရောင်းသူကို ဖမ်းဆီး၊ ငွေဖြင့်အာမခံရရန်ကြိုးပမ်းနေ

ဧပြီလ ၂၃ ရက်နေ့က သုံးစွဲသူတိုင်ကြားမှုအရ အေးသာယာမြို့၊ ရပ်ကွက် (၅)ရှိ ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၏ ဘိလပ်မြေဂိုထောင်ကို ရဲများနှင့်တာဝန်ရှိသူများ ...

ဧပြီလ ၂၃ ရက်နေ့က သုံးစွဲသူတိုင်ကြားမှုအရ အေးသာယာမြို့၊ ရပ်ကွက် (၅)ရှိ ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၏ ဘိလပ်မြေဂိုထောင်ကို ရဲများနှင့်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေကို ကျောက်မှုန့်များရောစပ်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း အေးသာယာဒေသခံတစ်ဦးက ပြောသည်။အေးသာယာနယ်မြေ ရဲစခန်းက ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးတင့်အောင် (ခ) မောင်စိုး နှင့် အလုပ်သမား ၇ ဦးကို လိမ်လည်မှု၊ ကုန်ပစ္စည်းအတုထုတ်လုပ်မှု၊ လိမ်လည်ရန်အားပေးကူညီမှု ပုဒ်မများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၈၆၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုထားပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးတင့်အောင် (ခ) မောင်စိုး က ငွေပေးကာ အာမခံဖြင့်လွတ်မြောက်ရန် တရားရုံးတာဝန်ရှိသူများနှင့် ညှိနှိင်းနေကြောင်း သိရသည်။တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်တွင်လည်း ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းဆိုင် ဖွင့်ထားပြီး အခြား ဆိုင်ခွဲ ၃ ဆိုင်ခန့်ရှိသေးကြောင်းသိရသည်။



news-view-count-icon

27