back

ရန်ကုန်ရှိ အရိပ်ရနေရာများနှင့် ဈေးဝယ်စင်တာများတွင် အပူရှောင်သူများလာ

Apr 26 • 1:57 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ အရိပ်ရနေရာများနှင့် ဈေးဝယ်စင်တာများတွင် အပူရှောင်သူများလာ

သင်္ကြန်ကာလအပြီး ရန်ကုန်တွင် အပူချိန်မြင့်မားလာပြီး လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်လာခြင်းကြောင့် နေ့လယ်နေ့ခင်း အပူချိန်အလွန်ပူပြင်းသည့်အချိန်တွင် အများပြည်သူ...

သင်္ကြန်ကာလအပြီး ရန်ကုန်တွင် အပူချိန်မြင့်မားလာပြီး လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်လာခြင်းကြောင့် နေ့လယ်နေ့ခင်း အပူချိန်အလွန်ပူပြင်းသည့်အချိန်တွင် အများပြည်သူသွားလာတတ်သော ပန်းခြံများနှင့် ဈေးဝယ်စင်တာကြီးများတွင် အပူရှောင်သည့်အနေဖြင့် လာရောက်အပူရှောင်ခြင်းများ ပြုလုပ်လာကျပြီး ရပ်ကွက်အတွင်းမှာလည်း အရိပ်ရသော သစ်ပင်ကြီးများ၊ဘောလုံးကွင်း၊ ရေကန်များ၊ အစရှိသည့် နေရာများတွင် အပူရှောင်သူများလာကြောင်း သိရသည်။အများပြည်သူသွားလာတတ်သော ပန်းခြံများတွင် လူငယ်လူရွယ်၊လူကြီး၊ မိသားစုအများစုလာရောက် တရေးတမော အိပ်စက်ခြင်း၊ အဖွဲ့လိုက်စကားပြောခြင်း၊ စာအုပ်ဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မုန့်ပဲသရေစာများ ထိုင်စားခြင်းများ အပူရှောင်သည့်အနေဖြင့် ပြုလုပ်လာသလို ဈေးဝယ်စင်တာကြီးမှာလည်း ကော်ဖီဆိုင်ထိုင်ခြင်း၊ လှည့်ပတ်ကြည့်ခြင်း၊ Promotion Area များအတွင်း ထိုင်ခုံများတွင် ထိုင်ပြီး ဖုန်းသုံးခြင်း၊ဈေးဝယ်ထွက်ခြင်း စသဖြင့် ယခုရက်ပိုင်းတွင် အပူရှောင်သည့်အနေ ဖြင့် ပိုမို ပြုလုပ်လာကြောင်း သိရသည်။



news-view-count-icon

14