back

ပလတ်စတစ်ထိုင်ခုံများ ဈေးနှုန်းမြင့်လာသည့်အတွက် ပြည်တွင်းမှာဆိုင်ဖွင့်သူများ အခက်ကြုံ

Apr 26 • 1:55 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပလတ်စတစ်ထိုင်ခုံများ ဈေးနှုန်းမြင့်လာသည့်အတွက် ပြည်တွင်းမှာဆိုင်ဖွင့်သူများ အခက်ကြုံ

ပလတ်စတစ်ထိုင်ခုံများ ဈေးနှုန်းမြင့်လာခြင်းကြောင့် တစ်ပိုင်တစ်နိုင် ဆိုင်ဖွင့်သူများ အခက်ကြုံလာခဲ့ကြောင်း ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ဖွင့်သူများထံမှ သိရသည်။ယ...

ပလတ်စတစ်ထိုင်ခုံများ ဈေးနှုန်းမြင့်လာခြင်းကြောင့် တစ်ပိုင်တစ်နိုင် ဆိုင်ဖွင့်သူများ အခက်ကြုံလာခဲ့ကြောင်း ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ဖွင့်သူများထံမှ သိရသည်။ယခင် ၂၀၂၃ ခုနှစ်အတွင်း ၁၇,၀၀၀ ကျပ် ဝန်းကျင်ရှိ ပန်းပွင့်ပုံပါ လက်တင်ကျောမှီ ထိုင်ခုံတစ်လုံးသည် ယခုအခါ တွင် ၃၀,၀၀၀ ကျပ်ဝန်းကျင်၊ ယခင် ၁၄,၀၀၀ ကျပ် ဝန်းကျင်ရှိသော လက်တင်ကျောမှီထိုင်ခုံ တစ်လုံး သည် ယခု အခါတွင် ၃၁,၀၀၀ ကျပ် ဝန်းကျင်၊ ယခင် ၂၆,၀၀၀ ကျပ် ဝန်းကျင်ရှိသော နောက်ကျောရှည် လက်တင် ကျောမှီ ထိုင် ခုံတစ်လုံး လျင် ယခုအခါ ၅၂,၀၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း ပလက်စတစ် ပစ္စည်း အရောင်းဆိုင်များမှ သိရသည်။



news-view-count-icon

24