ငလျင်ကြောင့်ယာယီပိတ်ထားခဲ့ရသည့်၊ မန္တလေးအဆင့်မြင့်စျေးချိုတော်ဆိုင်ခန်းများအား၊ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုခဲ့ရာ စျေးသည်စျေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။ဆိုင်ခန်းများပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုပြီး နောက်တစ်ရက်ကစ၍ စျေးသည်စျေးဝယ်များဖြင့် စည်ကားနေခြင်း ဖြစ်ကြောင်း သိရသည်။ပျက်စီးမှုများနှင့်ပတ်သက်၍၊ ပြည်တွင်းပြည်ပပညာရှင်များဖြင့် စစ်ဆေးခဲ့ရာ၊ လုံခြုံစိတ်ချရကြောင်း မှတ်ချက်ရရှိသဖြင့်၊ ပြီးခဲ့သည့်ဧပြီလ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်သည်။



