မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောတွင်းသုံးဖတ်စာနှင့် ဗလာစာအုပ်များ ထောက်ပံ့ကူညီသွားရန် စီစဉ်နေကြောင်း သိရသည်။ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ် (၁၇) ရက်မှ (၂၂) ရက်အထိ ဖြေဆိုထားခဲ့ပြီးဖြစ်သော်လည်း အဆိုပါ အဖြေလွှာများမှာ ငလျင်ဒဏ်နှင့် နောက်ဆက်တွဲ မီးသင့်ခဲ့မှုကြောင့် လာမည် ဇွန် (၁၆) ရက်မှ (၂၁)ရက်ထိ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။



