back

ရီးယဲလ်အနေနဲ့ ဒိုင်လူကြီးများအပေါ် ဖိအားပေးမှုတွေ ရပ်တန့်ဖို့ အေတီကို တိုက်တွန်း

Apr 26 • 12:43 PM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးယဲလ်အနေနဲ့ ဒိုင်လူကြီးများအပေါ် ဖိအားပေးမှုတွေ ရပ်တန့်ဖို့ အေတီကို တိုက်တွန်း

အက်သလက်တီကို မက်ဒရစ်အသင်းက သူတို့ရဲ့မြို့ခံပြိုင်ဘက် ရီးရဲလ် မက်ဒရစ်အသင်းကို စပိန်ဘောလုံးလောကရဲ့ ပုံရိပ်ကို ဆက်လက် မထိခိုက်စေဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလို...

အက်သလက်တီကို မက်ဒရစ်အသင်းက သူတို့ရဲ့မြို့ခံပြိုင်ဘက် ရီးရဲလ် မက်ဒရစ်အသင်းကို စပိန်ဘောလုံးလောကရဲ့ ပုံရိပ်ကို ဆက်လက် မထိခိုက်စေဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် အရေးကြီးတဲ့ ဖိုင်နယ်ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ဒိုင်လူကြီးတွေအပေါ် ဖိအားပေးမှုတွေ အနှောင့်အယှက်ပေးမှုတွေကို အဆုံးသတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ ရီးရဲလ် မက်ဒရစ်အသင်းပိုင် ရုပ်သံလိုင်း (RMTV) က ဒိုင်လူကြီး ရီကာဒို ဒီ ဘာဂိုစ် ဘန်ဂိုအက်ချီယာကို ပစ်မှတ်ထားပြီး ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ ရီးရဲလ်အသင်း ပါဝင်ကစားခဲ့တဲ့ ပွဲတွေမှာ ဒီဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်လို့ သူတို့ဘက်က ယူဆတဲ့ ဆုံးဖြတ်ချက်တွေကို အသားပေး ဖော်ပြခဲ့ပါသည်။



news-view-count-icon

18