စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်း ညွှန်မှုဖြင့် ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီ များအား အလွယ်တကူဝယ်ယူနိုင်ရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဧပြီ ၂၆ ရက်နံနက် ၈ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သား ကျပ် ၄,၀၀၀ နှုန်းဖြင့် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။



