back

ပြင်ဦးလွင်မြို့အောင်မြေဇေယျာဘုန်းကြီးကျောင်းအိမ်သာဖြိုချရာမှအမျိုးသားတစ်ဦးသေဆုံး

Apr 26 • 11:58 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မြို့အောင်မြေဇေယျာဘုန်းကြီးကျောင်းအိမ်သာဖြိုချရာမှအမျိုးသားတစ်ဦးသေဆုံး

ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းကပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၆ အောင်မြေဇေယျာဘုန်းကြီးကျောင်းစာသင်တိုက်မှာ ငလျင်ဒဏ်ထိထားတဲ့ ကျောင်းကုဋီ (အိမ်သာ)ကိုဖြိုချရာမှ အသက် ၃၈ နှ...

ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းကပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၆ အောင်မြေဇေယျာဘုန်းကြီးကျောင်းစာသင်တိုက်မှာ ငလျင်ဒဏ်ထိထားတဲ့ ကျောင်းကုဋီ (အိမ်သာ)ကိုဖြိုချရာမှ အသက် ၃၈ နှစ်အရွယ် ဦးထွန်းထွန်းနိုင် သေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ အိမ်သာ အမိုးပိမိခဲ့တဲ့အတွက် ဦးထွန်းထွန်းနိုင်မှာ ဇက်ကျိုး ခေါင်းပေါက် သွေးထွက်ဒဏ်ရာတွေနဲ့ နေရာမှာပင်သေဆုံးသွားပြီး အကိုဖြစ်မှာတော့ အဆိုပါကျောင်းတွင် ရဟန်းဝတ်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။သေဆုံးသူ ရုပ်အလောင်းတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။



news-view-count-icon

28