အလှူပစ္စည်း လွှဲပြောင်းပေးအပ်တာကို ဧပြီလ ၂၆ ရက် နေ့လည် ၁၂ ခွဲအချိန်က ရန်ကုန်လေဆိပ် VIP ခန်းမမှာ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလွှဲပြောင်းပေးအပ်တဲ့ ပစ္စည်းတွေဟာ ဧပြီလ ၂၅ ရက် ညပိုင်းလောက်က ပထမအသုတ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒုတိယအသုတ်ကတော့ နောက်တစ်ပတ်လောက်မှာ ရောက်ရှိမယ်လို့ သိရပါတယ်။



