ငလျင်အပြီးလမ်းပေါ်မှာယာယီနေထိုင်နေရတဲ့ ပြည်သူတွေဟာ မိုးတွေ ရွာတုန်းက အိပ်လို့ မရခဲ့ကြကြောင်း၊ မိုးတိတ်သွားတော့လည်း လေပြင်းကြောင့် ယာယီတဲတွေ လွင့်ထွက်သွားမှာ စိုးရိမ်ပြီး မအိပ်ရဲခဲ့ပြန်ကြောင်း WHOရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာတူရာရှာဖာနန်ဒိုကပြောပါတယ်။မန္တလေးဟာ ငလျင်ကြီး မတိုင်ခင်မှာ ကာလဝမ်းရောဂါကူးစက်မှုတွေကြုံတွေ့ခဲ့ဖူးပြီးလောလောဆယ်မှာတော့ ငလျင်ဘေးသင့် ဇုန်နေရာ အနည်းဆုံး နှစ်ခုမှာ ရေမသန့်မှုကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ စတင် ကူးစက်နေပြီလို့ ဖာနန်ဒိုက ပြောကြားသွားပါတယ်။နောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုကိုလည်း စတင်နေပြီး အမြန် ဆေးစစ်နိုင်တဲ့ kitပေါင်း ၄၅၀၀၊ ရာနဲ့ချီတဲ့ ဆေးစိမ် ခြင်ထောင်တွေကို မန္တလေးရဲ့ အထိအခိုက် အများဆုံး ဇုန်တွေမှာ ဖြန့်ဝေပေးထားပါတယ်။



