ထားဝယ်မြို့ထဲမှလွဲပြီး မြို့ပြင်လေးမြို့နယ်မှ စက်သုံးဆီရောင်းချရန် လာရောက်ဝယ်ယူသူများကို ရောင်းမပေးရန် ထားဝယ်မြို့ ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီ ( ဒေသအခေါ် စက်သုံးဆီဘော) များအား ညွှန်ကြားထားကြောင်း သိရပါသည်။ဝယ်လက်ဖောက်သည်များအား စက်သုံးဆီရောင်းချခွင့်မရကြတော့ဘဲ ကား၊ ဆိုင်ကယ် တို့ကို စက်သုံးဆီဖြည့်ပေးခြင်းမျှသာ ခွင့်ပြုထားသဖြင့် ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများ ရောင်းအားမရှိ၍ အဆင်မပြေဖြစ်နေကြကြောင်း လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။



