ဧပြီလ ၂၅ရက်မှစကာ နယ်ဖက်ကျေးရွာများအနှံ့ ငါးလှည့်လည်ရောင်းချလေ့ရှိသည့် ဆိုင်ကယ်များအပါအဝင် မီးဖိုချောင်သုံးနှင့် စားသောက်ကုန်များ လှည့်လည်ရောင်းချနေသည့် ဈေးကားများကို ဖြတ်သန်းခွင့်မပေးတော့ကြောင်း သိရပါသည်။ကြေးနန်းတိုင်တံတားမှာ မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး ခရီးသွားများနှင့် ကုန်တင်ကားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိသည့် စစ်ဆေးရေးဂိတ်ရှိသည်။ ထို့အပြင် ဈေးကားဖြင့် လှည့်လည်ရောင်းချနေသူများလည်း စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်းကို ဈေးကားမောင်းသူနှင့် ရင်းနှီးသူများက ဆိုသည်။



