နေပြည်တော်တည်ဆောက်ရေး အထူးဖွံဖြိုးရေးစီမံကိန်းမှာ ပါဝင်တဲ့ ရုံးဌာန အဆောက် အအုံတွေ၊ အထူးအဆောက်အအုံတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက် အအုံတွေ အပါအဝင် တခြားအဆောက်အအုံတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီရဲ့ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး၊ ဒုတိယ ဌာနမှူးတို့ကတဆင့် ဆက်သွယ်ကြဖို့ ထုတ်ပြန်ပါတယ်။မြို့တော်ခန်းမမှာရှိတဲ့ နေပြည်တော်စည်ပင်ယာယာရေးကော်မတီ၊ အဆောက်အအုံတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဆီကို ဆက်သွယ်ရမယ်လို့ သိရပါသည်။



