back

ဝန်ကြီးချုပ်နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ထားတာကိုပယ်ဖျက်ပေးဖို့ အစ္စရေးရဲ့လျှောက်ထားမှုကို ICC ပယ်ချ

Apr 26 • 10:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဝန်ကြီးချုပ်နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ထားတာကိုပယ်ဖျက်ပေးဖို့ အစ္စရေးရဲ့လျှောက်ထားမှုကို ICC ပယ်ချ

နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC)က ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး ဟောင်းတို့အပေါ် ဖမ်းဝရမ်းထုတ်ထားမှုကို ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် ဆိုင်းငံ့ပေ...

နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC)က ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး ဟောင်းတို့အပေါ် ဖမ်းဝရမ်းထုတ်ထားမှုကို ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် ဆိုင်းငံ့ပေးဖို့ အစ္စရေးရဲ့ လျှောက်ထားချက်ကို ပယ်ချလိုက်ကြောင်းသိရသည်။ဧပြီလ၂၄ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ICC ကပါလက်စတိုင်း နယ်မြေအတွင်း ကျူး လွန်ခဲ့တဲ ရာဇဝတ်မှုတွေအပေါ် တရားရုံးရဲ့စီရင်ပိုင်ခွင့်ကို ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ အစ္စရေးရဲ့ လျှောက် ထားချက်ကို လက်ခံရရှိခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ အခြေအနေကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့သည်။ စီရင်ပိုင်ခွင့်ကိစ္စဟာ ICC အနေနဲ့ ဂါဇာနဲ့ သိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသတွေမှာ ကျူးလွန် တယ်လို့ စွဲချက်တင်ထားတဲ့ ရာဇဝတ်မှုတွေအတွက် လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုနိုင်ခြင်းရှိမရှိ နဲ့သက်ဆိုင်တယ်လို့ တရားရုံးကရှင်းပြခဲ့သည်။

news-view-count-icon

19