back

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနပွဲ ဂါရဝါပြုဖို့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် လူသိန်းချီပြီး စိန့်ပီတာရင်ပြင်မှာ စုဝေး

Apr 26 • 10:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနပွဲ ဂါရဝါပြုဖို့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် လူသိန်းချီပြီး စိန့်ပီတာရင်ပြင်မှာ စုဝေး

ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနမှာ နောက်ဆုံးဂါရဝါပြုဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဝတ်ပြုဆုတောင်းသူတွေဟာ ဗာတီကန်ရှိ စိန့်ပီတာရင်...

ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနမှာ နောက်ဆုံးဂါရဝါပြုဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဝတ်ပြုဆုတောင်းသူတွေဟာ ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်မှာ စုဝေးနေကြပြီဖြစ်ပါတယ်။နိုင်ငံပေါင်း ၁၅၀ ကျော်မှ တက်ရောက်လာသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ အကြိမ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း ပါဝင်ပါတယ်။အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ရုပ်အလောင်းကို လွန်ခဲ့တဲ့ သုံးရက်အတွင်း လာရောက်ဂါရဝါပြုသူ နှစ်သိန်းခွဲဝန်းကျင်ထိ ရှိတယ်လို့ ဗာတီကန်က ပြောပါတယ်။တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ အာဂျင်တီးနား၊ ပြင်သစ်၊ ဂါဘွန်၊ ဂျာမနီ၊ အီတလီ၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ ယူကရိန်းသမ္မတ၊ ဗြိတိန်၊ နယူးဇီလန်ဝန်ကြီးချုပ်တို့အပြင် ဥရောပခေါင်းဆောင်အတော်များများလည်း ပါဝင်ပါတယ်။

news-view-count-icon

25