back

တောင်ကိုရီးယားတယ်လီကွန်း ကုမ္ပဏီ SK Telecom သည် ဆိုင်ဘာတိုက်ခိုက်မှုခံခဲ့ရသဖြင့် ကုမ္ပဏီမှ ထုတ်ပေးထားသည့် ဆင်းမ်ကတ် ၂၃ သန်းကို အခမဲ့ အသစ်လဲပေး

Apr 26 • 10:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ကိုရီးယားတယ်လီကွန်း ကုမ္ပဏီ SK Telecom သည် ဆိုင်ဘာတိုက်ခိုက်မှုခံခဲ့ရသဖြင့် ကုမ္ပဏီမှ ထုတ်ပေးထားသည့် ဆင်းမ်ကတ် ၂၃ သန်းကို အခမဲ့ အသစ်လဲပေး

တောင်ကိုရီးယားတွင် အကြီးဆုံး တယ်လီကွန်း ကုမ္ပဏီ မိုဘိုင်းကွန်ရက် အော်ပရေတာ SK Telecom သည် ဆိုင်ဘာတိုက်ခိုက်မှုခံခဲ့ရသဖြင့် ကုမ္ပဏီမှ ထုတ်ပေးထားသည့် ဆင်းမ်ကတ် ၂၃...

တောင်ကိုရီးယားတွင် အကြီးဆုံး တယ်လီကွန်း ကုမ္ပဏီ မိုဘိုင်းကွန်ရက် အော်ပရေတာ SK Telecom သည် ဆိုင်ဘာတိုက်ခိုက်မှုခံခဲ့ရသဖြင့် ကုမ္ပဏီမှ ထုတ်ပေးထားသည့် ဆင်းမ်ကတ် ၂၃ သန်းကို အခမဲ့ အသစ်လဲပေးသည်။ Malicious (အန္တရာယ်ရှိသော)၊ Software (ဆော့ဖ်ဝဲ)ကို အတိုကောက် ခေါ်ဝေါ်ကြသည့် Malware ဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက် စနေနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီခန့်တွင် တိုက်ခိုက်ခံရပြီး အင်ဂျင်နီယာများသည် ၎င်း၏ကွန်ရက်ထဲ ရောက်နေသည့် malware ကို ရှာဖွေတွေ့ရှိပြီး ချက်ချင်းဖျက်ပစ်ခဲ့သည်။ ထို့နောက် အန္တရာယ်ရှိသော ကွန်ရက်ဆာဗာများကို အော့ဖ်လိုင်း လုပ်ထားလိုက်ကြရသည်။

news-view-count-icon

20