back

တရုတ်နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ်ဖွဲ့များက ပေပုပင်လယ်ကွေ့တွင် ပူးတွဲကင်းလှည့်ခြင်းပြီးစီး

Apr 26 • 10:11 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ်ဖွဲ့များက ပေပုပင်လယ်ကွေ့တွင် ပူးတွဲကင်းလှည့်ခြင်းပြီးစီး

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ၂၀၀၆ ခုနှစ်မှစ၍ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ၂၉ ကြိမ်မြောက် ပူးတွ...

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ၂၀၀၆ ခုနှစ်မှစ၍ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ၂၉ ကြိမ်မြောက် ပူးတွဲကင်းလှည့်ခြင်းဖြစ်သလို ၂၀၂၅ ခုနှစ်အတွက် ပေပုပင်လယ်ကွေ့အတွင်း ပထမဆုံးအကြိမ် ပူးတွဲကင်းလှည့်မှုအစီအစဉ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က ဧပြီ ၂၅ ရက်၌ ပြောကြားခဲ့သည်။ သုံးရက်ကြာမြင့်သည့် အဆိုပါ ပူးတွဲကင်းလှည့်ခြင်းအစီအစဉ်သည် ဧပြီ ၂၄ ရက်၌ ပြီးစီးခဲ့ခြင်းဖြစ်ကာ ယင်းကာလအတွင်း တရုတ်နှင့် ဗီယက်နမ် ကမ်းခြေစောင့်သင်္ဘောများသည် ရေပြင်အတွင်း သတ်မှတ်ထားသော လမ်းကြောင်းတစ်လျှောက် ကင်းလှည့်စဉ် နှစ်နိုင်ငံမှ ငါးဖမ်းလှေများကို စောင့်ကြည့်လေ့လာခြင်းနှင့် စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

17