မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အခက်အခဲပြဿနာများ၊ ရာဇဝတ်မှုနှင့် ခွဲခြား ဆက်ဆံခံရမှုတို့နှင့် ရင်ဆိုင်နေ ရသဖြင့် အမေရိကန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေသည့် လူဖြူအာဖရိကနိုင်ငံသားများကို အမေရိကန်အရာရှိများက အင်တာဗျူးများ ပြုလုပ်ခဲ့ကြသည်။ အမေရိကန်သည် အခြားနိုင်ငံများမှ ဒုက္ခသည်များကို နေရပ်ပြန်ပို့ခြင်း၊ သို့မဟုတ် ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းတို့ ပြုလုပ်နေချိန်တွင် လူဖြူ တောင်အာဖရိကနိုင်ငံသားများကို ဒုက္ခသည်အဖြစ် ခွင့်ပြုရန် အာရုံစိုက် လုပ်ဆောင်နေ ခြင်း ဖြစ်သည်။



