back

Nissan Motor  သည်လက်ရှိ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ ဝူဟံမြို့ရှိ ၎င်း၏ ကားစက်ရုံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မည်

Apr 26 • 10:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

Nissan Motor  သည်လက်ရှိ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ ဝူဟံမြို့ရှိ ၎င်း၏ ကားစက်ရုံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မည်

Nissan Motor  သည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ ဝူဟံမြို့ရှိ ၎င်း၏ ကားစက်ရုံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုကို ...

Nissan Motor  သည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ ဝူဟံမြို့ရှိ ၎င်း၏ ကားစက်ရုံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မည် ဖြစ်သည်။၎င်းကားစက်ရုံသည် Ariya လျှပ်စစ်ကား X-Trail SUV မော်ဒယ် ထုတ်လုပ်နေသည့် ကားစက်ရုံဖြစ်ပြီး တနှစ်လျှင် အစီးရေ ၃ သိန်းအထိ ထုတ်လုပ်နိုင်သော်လည်း ယခုအခါ ရောင်းအား ကျဆင်းနေသဖြင့် တနှစ်လျှင် အစီးရေ ၃ သောင်းအောက်သာ ထုတ်လုပ်နေရသဖြင့် ထုတ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းကားစက်ရုံကို နီဆန်းက တရုတ်ကားလုပ်ငန်း Dongfeng Motor ထံမှ ၂၀၂၂ မှစ၍ ငှားရမ်းသုံးစွဲသည်။ နီဆန်းသည် ပြီးခဲ့သည့် မတ်လကုန်တွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာနှစ်မှာ အသားတင်အရှုံး ကန်ဒေါ်လာ ၄.၈၇ မှ ၅.၂၂ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းကြောင်း ကြာသပတေးနေ့ (ဧပြီ ၂၄) တွင် ကြေညာခဲ့သည်။

news-view-count-icon

36