ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားစစ်ဗိုလ်ချုပ်တယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဖောက်ခွဲရေးပစ္စည်းအပြည့်တင်ထားတဲ့ ကားတစ်စီး ပေါက်ကွဲပြီးနောက် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး အာဏာပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယာရိုစတာမိုစကာလစ်ခ် သေဆုံးသွားကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ယူကရိန်းနဲ့ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေအကြား စစ်ပွဲအဆုံးသတ်ရေး မင့်စ်သဘောတူချက်ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပါရီမှာကျင်းပခဲ့တဲ့ ယူကရိန်းနဲ့ ဆွေးနွေးပွဲမှာ မိုစတာလစ်ခ်ဟာ ရုရှားစစ်ဦးစီးချုပ်ကို ကိုယ်စားပြုတက်ရောက်ခဲ့ပါတယ်။ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားဟာ ဘာလာရှီခါအရှေ့ဘက် ဆင်ခြေဖုံးရှိ ဗိုလ်ချုပ်ရဲ့ နေအိမ်ဘေးမှာ ရပ်ထားခဲ့ပြီ သူဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲခဲ့တာလို့ ရုရှားအခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
| 22 | 0 | 0 | 0 |


