back

ပုပ်ဈာပနသို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ တက်မည်

Apr 26 • 9:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပုပ်ဈာပနသို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ တက်မည်

ယနေ့ ဧပြီလ၂၆ရက်နေ့ကျင်းပမည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဈာပနသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ၊ ထီးနန်းစိုးစံဆဲ ဘုရင် မိဖုရားများနှင့် ဘာသာရေးခေါင...

ယနေ့ ဧပြီလ၂၆ရက်နေ့ကျင်းပမည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဈာပနသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ၊ ထီးနန်းစိုးစံဆဲ ဘုရင် မိဖုရားများနှင့် ဘာသာရေးခေါင်းဆောင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ဈာပနအခမ်းအနားကို ရောမမြို့ရှိ စိန့်ပီတာရင်ပြင်တွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ကောလိပ်၏ ဌာနမှူး Cardinal Giovanni Battista Re မှ ဦးဆောင်ကျင်းပမည်ဖြစ်ကာ နိုင်ငံတကာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ် ၁၇၀ ခန့် နှင့် ဂါရဝပြုလိုသော သာမန်ပြည်သူ သောင်းနှင့်ချီ၍ တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း သိရပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ပြင်သစ်သမ္မတ Emmanuel Macron၊ ယူကရိန်းသမ္မတ၊ အီတလီ သမ္မတနှင့် ၀န်ကြီးချုပ်၊ စပိန်ဘုရင် ဖိလစ်ပီနှင့် မိဖုရား၊ အိုင်ယာလန်သမ္မတ၊ ယူကေ ဝန်ကြီးချုပ် Keir Starmer နှင့် မင်းသားဝီလျံ။ ပိုလန်သမ္မတ၊ ပေါ်တူဂီသမ္မတနှင့် ၎င်း၏ဝန်ကြီးချုပ်တို့ တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

news-view-count-icon

13