back

ဓားစာခံများ လွှတ်မပေးပါက ဂါဇာတွင် ပိုကြီးသည့်စစ်ဆင်ရေး လုပ်မည်ဟု အစ္စရေး သတိပေး

Apr 26 • 9:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဓားစာခံများ လွှတ်မပေးပါက ဂါဇာတွင် ပိုကြီးသည့်စစ်ဆင်ရေး လုပ်မည်ဟု အစ္စရေး သတိပေး

ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ကျန်ရှိ ဓားစာခံတွေကို မလွှတ်ပေးဘူးဆိုရင် ဂါဇာကို ပိုကြီးမား ပြင်းထန်တဲ့ တိုက်ခိုက်မှု လုပ်ရလိမ့်မယ်လို့ အစ္စရေးစစ်တပ်က ဧပြီ ၂၄ ရက်မှာ သတ...

ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ကျန်ရှိ ဓားစာခံတွေကို မလွှတ်ပေးဘူးဆိုရင် ဂါဇာကို ပိုကြီးမား ပြင်းထန်တဲ့ တိုက်ခိုက်မှု လုပ်ရလိမ့်မယ်လို့ အစ္စရေးစစ်တပ်က ဧပြီ ၂၄ ရက်မှာ သတိပေးလိုက်ပြီး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲဒဏ်ခံနေရတဲ့ နယ်မြေအတွင်း လူ ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုင်းယားလ် ဇမီးယာဟာ ဧပြီလ၂၄ရက်နေ့မှာ ဂါဇာရှိ တပ်ဖွဲ့တွေဆီ သွားရောက်ခဲ့ပြီး တကယ်လို့ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို မကြာခင်မှာ လွှတ်မပေးဘူးဆိုရင် ဂါဇာမှာ ထိုးစစ်ကို တိုးချဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တွေအပေါ် စစ်ရေးအရ ဖိအားပေးမှုတွေ ဆက်လုပ်ဆောင်သွားမှာဖြစ်ပြီး လိုအပ်လာရင် ဟားမတ်စ်အဖွဲ့အပေါ် ထိန်းချုပ်မှုကို အားကောင်းကောင်း လုပ်ဆောင်မယ်လို့လည်း သူကဆိုပါတယ်။

news-view-count-icon

22