ငှက်ပျောခွံက အာဟာရဓာတ်ပါဝင်မှု မြင့်မားပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗိုက်တာမင်-ဘီအမျိုးမျိုးက အရေပြားကို ရေဓာတ်ဖြည့်ပေးကာ ဆဲလ်သေများကို ဖယ်ရှားပေးတယ်လို့ အားကစားအာဟာရပညာရှင် ဘင်ဂျမင်ဘန်တင်က ပြောပါတယ်။ အာနိသင်အပြည့်အဝရဖို့အတွက် ရင့်မှည့်တဲ့ ငှက်ပျောခွံအတွင်းကို မျက်နှာပေါ်မှာ အဝိုင်းပုံပွတ်တိုက်ပြီး ၁၅ မိနစ်ခန့်ထားပြီးနောက် ရေအေးဖြင့် ဆေးကြောဖို့ အကြံပြုထားပါတယ်။ဒါပေမဲ့ အသားအရေထိန်းသိမ်းရာမှာ ထိရောက်မှုရှိမရှိကို သိပ္ပံနည်းကျ အထောက်အထားများ မရှိသလို အချို့သောအရေပြားတွေမှာ ဓာတ်မတည့်ခြင်း၊ ဘက်တီးရီးယားပိုးမွှား ဝင်ရောက်နိုင်ခြင်းတို့ ဖြစ်နိုင်ကြောင်း အလှအပရေးရာဆရာဝန် ကိတ်ဂျေမီဆန်က ပြောပါတယ်။
| 19 | 0 | 0 | 0 |


