မြန်မာ့ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော ယွမ် (၂၁၃, ၁၉၈) တန်ဖိုးရှိ ဆေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက်ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဆေးဝါးပစ္စည်းများအပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ လက်ခံရရှိထားသော Guangxi International Zhuang Medicine Hospital၊ Shandong Puze Health Indust ry Group Co., Ltd နှင့် Linyi Puze Huihai Health Technology Co., Ltd တို့မှ လှူဒါန်းသော ဆေးပစ္စည်းများ ပါဝင်သည်။ အဆိုပါ လှူဒါန်းပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးထံသို့ ဧပြီ (၂၅)ရက်တွင် ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ငလျင်ဘေးသင့် ဒေသများရှိ ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။



