ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန္တ ပညာဝံသ သက်တော်(၇၂)နှစ်၊ ဝါတော်(၅၂)ဝါ၏ ရုပ်ကလာပ်တော်အား အန္တိမအဂွိစျာပနသာဓုကီဠနသဘင်အဖြစ် ဗဟိုစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ ဧပြီ ၂၅ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။မုံရွာမြို့၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်း တိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဇောတိပါလာ လင်္ကာရ ဆရာတော်ကြီးမှ သံဝေဂဓမ္မကထာနာယူပြီးရေစက်သွန်းချအမျှပေးဝေပြီးနောက် ဆရာတော်ကြီး၏ရုပ်ကလပ်တော်အား ဗဟိုစံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။



