အမေရိကန် ဘတ်စကက်ဘော အကျော်အမော် ကိုဘီဘရိုင်ယန် ဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို လေလံပွဲမှာ ဒေါ်လာ ၇ သန်းနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအင်္ကျီကို LA လိတ်ကာအသင်းနဲ့အတူ ပထမဆုံးပွဲထွက်ခဲ့တဲ့ ရာသီကြိုပွဲမှာ ကိုဘီဘရိုင်ယန် ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ကိုဘီဘရိုင်ယန်ဟာ အသက် ၁၈ နှစ်အရွယ် ၁၉၉၆ မှာ NBA ကစားသမားဘဝ ပထမဆုံးရာသီကို စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုရောင်းချခဲ့ရတဲ့ အင်္ကျီကို ၁၉၉၆ အောက်တိုဘာ ၁၆ ရက်မှာ ကစားခဲ့တဲ့ ရာသီကြိုပွဲစဉ်အပါအဝင် ပွဲစဉ် ၇ ပွဲခန့်မှာ ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ NBA ချန်ပီယံဆု ကို ၅ ကြိမ်ရရှိခဲ့ဖူးတဲ့ ဘရိုင်ယန်ဟာ အသက် ၄၁ နှစ်အရွယ် ၂၀၂၀ ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ကွယ်လွန်သွားခဲ့တာဖြစ်သည်။



